International News

ဟောင်ကောင်ဒေသအစိုးရမှ စီးပွားရေးမြှင့်တင်နိုင်ရန် ဇွန်လတွင် ကူညီပံ့ပိုးငွေများ ပေးအပ်သွားမည်ဖြစ်ခြင်း

Last Updated:

ဟောင်ကောင်ဒေသ၏ စီးပွားရေးကျဆင်းနေမှုအား တိုးတက်စေရန် ဟောင်ကောင်ဒေသအစိုးရမှ ပေးထားသည့်ကတိအတိုင်း ဟောင်ကောင်ဒေါ်လာ (၁၀,၀၀၀) အား ဇွန်လတွင် ပံ့ပိုးပေးသင့်ကြောင်း၊ ဟောင်ကောင်လူမျိုးများအနေဖြင့် ခရီးသွားခြင်းကို နှစ်သက်သောကြောင့်  COVID-19 ဖြစ်ပွားမှုပြီးဆုံး၍ ခရီးသွားလာမှုများ ကန့်သတ်မှုများအား ဖြေလျော့ပြီးလျှင် ဂျပန်၊ ဥရောပနိုင်ငံတို့သို့ ခရီးသွားသောကြောင့် ဟိုတယ်နှင့်၊ ရေပူစမ်းများတွင် သုံးစွဲကြမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ အဆိုပါ လျှောက်ထားထားသော ဟောင်ကောင်ဒေါ်လာ (၇၁.၁) ဘီလီယံရှိသည့် ပံ့ပိုးငွေများအား ဇွန်လအတွင်းထုတ်ပေးလျှင် ခရီးသွားလာရန် အဆင်မပြေသေးသောကြောင့် ဟောင်ကောင်ဒေသတွင်း၌ ဈေးဝယ်ခြင်း၊ စားသောက်ခြင်းများ ပြုလုပ်လိမ့်မည်ဟု ဟောင်ကောင်ငွေကြေးဝန်ဆောင်မှုနှင့် ဘဏ္ဍာရေးအတွင်းဝန် (ဝန်ကြီး) ဟောင်း Mr. Ma Si-hang ကပြောကြားခဲ့ကြောင်း၊ Mr. Ma  ၂၀၀၂ ခုနှစ်၊ ဇူလိုင်မှ ၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်း‌ဆောင်ခဲ့စဉ် ၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် SARs ရောဂါ ဖြစ်ပွား ခဲ့စဉ်ကအတွေ့အကြုံရှိခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ ပထမလေးလပတ်အတွင်း (၈.၉) ရာခိုင်နှုန်းလျော့ကျခဲ့ပြီး၊ တစ်နှစ်လုံးအနေဖြင့် (၄) ရာခိုင်နှုန်းမှ (၇)ရာခိုင်နှုန်းသို့လျော့ကျနိုင်ရာ ဒေသအစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများအပေါ် ပိုမိုပံ့ပိုးပေးသင့်ကြောင်း၊ ဗိုင်းရပ်စ်ကူးစက်မှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန် ‌အမေရိကန်၊ ဗြိတိန်၊ ဂျပန်နှင့် ဟောင်ကောင်ဒေသတို့တွင် နယ်စပ်အဝင်/အထွက် ဂိတ်များပိတ်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လာသူများအား အသွားအလာကန့်သတ် စောင့်ကြည့်မှု (၁၄) ရက်ထားရှိကြောင်း၊ ဝန်ထမ်းများ နေအိမ်များမှ အလုပ် လုပ်ခြင်းကြောင့် အစားအသောက်ရောင်းချမှုများ၊ ခရီးသွားများလာရောက်မှုနှင့် အပန်းဖြေ လုပ်ငန်းများအစရှိသည်တို့အပေါ် ပြင်းထန်စွာရိုက်ခတ်မှုများဖြစ်စေကြောင်း၊ သို့ဖြစ်ရာ အစိုးရမှပံ့ပိုးငွေများ လျင်မြန်စွာထုတ်ပေးလျှင် အဆိုပါငွေများအား ပြည်သူများမှ သုံးစွဲကြ မည်ဖြစ်ရာ အစိုးရဆန့်ကျင် ဆန္ဒပြမှုများနှင့် COVID-19ဖြစ်ပွားမှုကြောင့် ထိခိုက်လျက်ရှိသော လက်လီအရောင်းဆိုင်များနှင့် စားသောက်ဆိုင် များအတွက် အထောက်အပံ့ ဖြစ်စေကြောင်း၊ သို့သော် ဒေသအစိုးရအနေဖြင့် မူလအစီအစဉ်တိုင်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ရာ ပံ့ပိုးငွေထုတ်ပေးရန်အတွက် အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်ရန်မှာမဖြစ်နိုင်ကြောင်း၊ COVID-19 ဖြစ်ပွားမှုပြီးဆုံးလျှင် ခရီးသွားလုပ်ငန်းများ ပုံမှန်ပြန်လည် စတင်နိုင်ရန် ၂၀၀၃ ခုနှစ်၊ SARS ရောဂါဖြစ်ပွားပြီးနောက် ခရီးသွားများပိုမိုဆွဲဆောင်နိုင်ရန် နာမည်ကြီးအနုပညာရှင်များဖြစ်သည့် အဆိုတော် Lady Gaga နှင့် စန္ဒရားပညာရှင် Lang Lang တို့ကိုဖိတ်ကြား၍ ဖျော်ဖြေပွဲများ ပြုလုပ်သကဲ့သို့ ဒေသအစိုးရအနေဖြင့် ဆောင်ရွက်သင့်သည်ဟု ဟောင်ကောင်ငွေကြေးဝန်ဆောင်မှုနှင့် ဘဏ္ဍာရေးအတွင်းဝန် (ဝန်ကြီး) ဟောင်း Mr. Ma Si-hang ကပြောကြားခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၄ ရက်နေ့ ထုတ် South China Morning Post သတင်းစာ၌  Eric Ng က “Healh supplements defy retail slump as Covid-19 crisis sparks sales boom” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News